Wednesday, 22 October 2014

လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်


လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်

၁ ။ အလကားနေရင်း ကြွားဝါခြင်းတွေသိပ်မလုပ်နဲ့

၂ ။ နေရင်းထိုင်းရင်း ဘေးနားကလူတွေကို မစော်ကားနဲ့

၃ ။ ပါးစပ်ကနေ ပေါပေါပဲပဲ စကားလုံးတွေ သိပ်မထွက်စေနဲ့ ။

" ဘ၀ပေးကုသိုလ်ကံကောင်းလို့ဖြစ်စေ
ကိုယ်ကြိုးစားလို့ဖြစ်စေ အမြင့်တစ်နေရာကိုရောက်သွားခဲ့ရင်
ဘေးနားကလူတွေ အောက်ခြေကလူတွေကို
လူ လို့ မသတ်မှတ်တော့တဲ့ လူ့အခွံ့ဖြစ်သွားခြင်းကိုရှောင်ကြဉ်ပါ မိတ်ဆွေ "

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး


ကိုယ့်ကိုချစ်တဲ့သူတွေကို ဘယ်တော့မှ ဟန်မဆောင်မိစေနဲ့
ကိုယ့်ကို စေတနာရှိတဲ့လူတွေကို ဘယ်တော့မှ မငြိုငြင်မိစေနဲ့

ကိုယ့်ကို ကောင်းစေချင်တဲ့လူတွေကို ဘယ်တော့မှ မစော်ကားမိပါစေနဲ့
ဟန်ဆောင်ခြင်းဟာ လောကကြီးမှာ ကြာရှည်ခံလေ့မရှိဘူး

ကိုယ့်ဆီက ဟန်ဆောင်ခြင်းတွေ နည်းပါးလေလေ
လူတွေနဲ့ဆက်ဆံရတာ ပိုအဆင်ပြေလာလေလေ ဆိုတာ သိလာပါလိမ့်မယ်

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး
စစ်မှန်တဲ့အောင်မြင်ခြင်းကို လိုချင်ရင်

- ရိုးသားရမယ်
- ဟန်မဆောင်ရဘူး
- အရှိအရှိအတိုင်းပြောဆိုင်နေထိုင်ဆက်ဆံရမယ်
- မှန်ကန်တဲ့လမ်းအတိုင်းဖြောင့်မတ်စွာ လျှောက်လှမ်းကြိုးစားရမှာဖြစ်ပါတယ် ။

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်


Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

" ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့

တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ
တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်
ညစ်ပေသွားတတ်တယ်

သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့

နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့်
သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။